Thursday, June 19, 2014

ထိုင်းနယ်စပ်ရှိ မြန်မာ ဒုက္ခသည် တစ်သိန်းကျော် နေရပ်သို့ ပြန်ပို့နိုင်ရေး ဆွေးနွေးမည်

လူဦးရေ တစ်သိန်းကျော် ရှိသည့် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းများတွင်ခိုလှုံနေ သော စစ်ပြေး ဒုက္ခသည်များအား နေရပ်ပြန် ပို့နိုင်ရေး ထိုင်းပြည် တွင်းလုံ ခြုံရေးဌာနက ကြီးမှူးး၍ အလုပ်ရုံ ဆွေးနွေးပွဲကို မဲဆောက်မြို့၌ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။ 


ဆိုပါအလုပ်ရုံဆွေးနွေးပွဲ သို့ ထိုင်းပြည်တွင်း လုံခြုံရေးတာ ၀န်ရှိသူများ၊ မြန်မာဒုက္ခသည်စ ခန်းများတည်ရှိရာ ခရိုင်လေးခု ဒေသဆိုင်ရာ ကွပ်ကဲရေးမှူးများ၊ ထိုင်းပြည်ထဲရေးဌာနမှ တာဝန်ရှိ သူများ၊ UNHCRမှ တာဝန်ရှိသူ များအပါအ၀င် အရပ်ဘက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးနေကြောင်း သတင်းရရှိသည်။ 

 ‘‘၀န်ထုပ်ဝန်ပိုးဖြစ်တာလို့ ဆိုတယ်။ နှစ် ၃၀ရှိပြီလေ’’ဟု အ ဆိုပါဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သူ မန်းမျိုးမြင့်(မီဒီယာ)ကပြော သည်။ ထိုင်းစစ်တပ်သည် အာဏာ သိမ်းပြီးနောက် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် အထောက်အထား မရှိသော ရွှေ့ ပြောင်းလုပ်သားများအား စစ်ဆင်ရေး တစ်ခုသဖွယ် ပြုလုပ်ပြီး နောက်မကြာသေးမီ ရက်ပိုင်းက ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲသို့ တက်ရောက် နေသူများထဲမှ ထိုင်းအစိုးတာဝန် ရှိသူများနှင့် UNHCRမှ တာဝန်ရှိ သူများသည် ဇွန်လ ၁၈ရက်တွင် အကြီးဆုံး ဒုက္ခသည် စခန်း ဖြစ် သော မဲလဒုက္ခသည် စခန်းသို့ သွား ရောက် လေ့လာခဲ့ကြောင်း မန်းမျိုး မြင့်က ပြောသည်။ ကရင်အမျိုးသားအစည်းအ ရုံး(KNU)နှင့် မြန်မာအစိုးရတို့ ကြား အပစ်အခတ် ရပ်စဲရေးလက် မှန်ရေးထိုးထားသည်မှာ ၂နှစ် ကျော်ပြီဖြစ်သော်လည်း ဒုက္ခ သည်များအနေဖြင့် နေရပ်သို့ မပြန်နိုင်ကြသေးပေ။ အဆိုပါဆွေးနွေးပွဲကို ဇွန် လ ၁၉ရက်တွင်အပြီးသတ်ဆွေး နွေးမည်ဖြစ်ပြီး ဆုံးဖြတ်ချက်တစ် ခုချသွားမည်ဖြစ်သည်။ 

7Day News Daily

0 comments:

Post a Comment