( ၄.၁၀.၂၀၁၀ ) ရက်နေ့ နေ့လည်တွင် မဲဆောက်မြို့ (----- ) ရပ်နေ မလှဦီးသည် သူမ၏ သမီးဖြစ်သူ မဇာခြည်မြင့်၊ အသက် (၁၅)နှစ်ခန့်၊ ပျောက်ဆုံးမှုအတွက် ကူညီဆောင်ရွက်ပေး ပါရန် (P.V.A)ရုံးသို့ လာရောက်တိုင်ကြားခဲ့ပါသည်။
ဖြစ်စဉ်ကို မေးမြန်းရာတွင် မဇာခြည်မြင့်သည် ယမန့်နေ့က တနင်္ဂနွေဈေးသွားခဲ့ရာမှ ပြန်မလာ ခဲ့ခြင်းဖြစ်ကြောင်း၊ အတူသွားသောသူငယ်ချင်းများထံ သွားရောက်စုံစမ်းရာတွင်(-----)ရပ်ကွက်တွင် နေထိုင်သူ မောင်မိုးဝင်းနှင့်အတူ ထွက်သွားသည်ကို သူငယ်ချင်းများက တွေ့မိကြောင်း၊ မိခင်ဖြစ်သူ မလှဦးကပြောပြပါသည်။
ထို့ကြောင့် (P.V.A)မှ မောင်မိုးဝင်း၏ နေအိမ်သို့ သွားရောက်စုံစမ်းရာ မဇာခြည်မြင့်သည် ထိုအိမ်သို့ ရောက်ရှိနေကြောင်း သိရှိရသဖြင့် (K.Y.O) အဖွဲ့နှင့်အတူ ပူးပေါင်းသွားရောက်ပြီး၊ မလှဦးမှ အသက်မပြည့်သေးသော သမီးအား ပြန်လည်ခေါ်ယူအုပ်ထိန်းလိုသဖြင့် ဆွေးနွေးညှိနှိုင်းပေးခဲ့ ပါသည်။
ညှိနှိုင်းရာတွင် “အသက်မပြည့်သော မိန်းမငယ်တဦး” အားခိုးယူပေါင်းသင်းခြင်းသည် ဥပဒေ အရ မုဒိမ်းမှု့ကျူးလွန်းခြင်းဖြစ်ကြောင်းကို၊ “မျက်ကန်းတစ္ဆေမကြောက်” ဆိုစကားအတိုင်း မောင်မိုးဝင်းနှင့် ၄င်း၏မိသားစုဝင်များမှာ နားလည်သိရှိခြင်း မရှိသည်ကိုတွေ့ရှိရပါသည်။
PVA နှင့် KYO တို့ ပူးပေါင်းကာ မဇာခြည်မြင့်အား မိဘထံပြန်လည်အပ်နှံစဉ်
ထို့အတူ မသိနားမလည်သော မိန်းကလေးနှင့် ၄င်းမိသားစု၏ နှစ်နာမှုမှာလည်း ကြီးမားလှကြောင်း သမီးမိန်းကလေးရှိသော မြန်မာမိသားစုများ နားလည်နိုင်မည် ဖြစ်သည်။
(P.V.A) နှင့် (K.Y.O) အဖွဲ့တို့မှ “ကြီးသောအမှု့ကိုငယ်စေ၊ငယ်သောအမှု့ကိုပပျောက်စေ” ဆိုရိုးအတိုင်း ဥပဒေအကြောင်းအရာများကို ရှင်းပြခြင်း နှစ်ဦးနှစ်ဘက် ပြေလည်စေရန် ညှိနှိုင်းဖြေရှင်းခြင်းများ ဆောက်ရွက်ပြီး မဇာခြည်မြင့်အား မိခင်မလှဦးထံ ပြန်လည်အပ်နှံခဲ့ပါ သည်။









0 comments:
Post a Comment