Friday, June 6, 2014

လူကုန်ကူးခြင်းခံရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦး

၁၉ - ၅ - ၂၀၁၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဆဒမ်ဟူစိန်နှင့် အာတီကာရာ ဟာမတ်တို့ နှစ်ဦးသည် မည်သည့်နေရာသို့ သွားရမှန်း မသိသဖြင့် ရဲစခန်းတွင် သွားရောက်အဖမ်းခံခဲ့ရာ ရဲစခန်းမှ ပြည်သူ့စေတနာ့ ၀န်ထမ်းအသင်းသို့ စေလွှတ်ခဲ့ပါသည်။

လူကုန်ကူးခြင်းခံခဲ့ရသော ဆဒမ်ဟူစိန်နှင့် အာတီကာရာဟာမတ်

ထိုသူနှစ်ဦးအား ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (P.V.A) မှ ဖြစ်စဉ်အား မေးမြန်းခဲ့ရာ သူတို့နှစ်ဦးအား မဟာဘူး ဆိုသူမှ ဒုက္ခသည်စခန်းမှတစ်ဆင့် အမေရိကန်နိုင်ငံသို့ ပို့ပေးမည်ဟု ပြောဆိုပြီး တစ်ဦးလျှင် တာကာ (၁၅) သိန်း (ဘင်္ဂလားဒေ့ရှ်ငွေ) ဖြင့် ခေါ်ဆောင်လာခဲ့သည် ဟု ပြောပြခဲ့ပါသည်။

မဟာဘူး (ဘင်္ဂလားဒေ့ရှ် နိုင်ငံသား) (ထိုသူမှာ တောင်ပေါ်သား လက်မှတ် ကိုင်ဆောင် ထားသူဖြစ်ပြီး မြန်မာနိုင်ငံသားဖြစ်သည်ဟု လိမ်လည်ပြောဆိုကာ အုန်းဖြန့်ဒုက္ခသည် စခန်းတွင် ခိုလှုံလျက် ရှိကြောင်း သိရသည်) ဆိုသူမှ ထိုသူနှစ်ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပတ်စ်ပို့ဖြင့် မလေးရှားသို့ တရားဝင် ခေါ်ဆောင်လာခဲ့ပြီး မလေးရှားမှတစ်ဆင့် ထိုင်းနိုင်ငံသို့ အောက်လမ်းဖြင့် ခိုးဝင်ကာ အုန်းဖြန့် ဒုက္ခသည်စခန်းမှ တစ်ဆင့် အမေရိကန်နိုင်ငံသို့ ထွက်ခွာရန် ရည်ရွယ်ချက်ဖြင့် ခေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ထိုသူနှစ်ဦးမှာ အုန်းဖြန့် ဒုက္ခသည်စခန်းတွင် နေရေးစားရေး အဆင်မပြေမှုကြောင့် မဲဆောက်သို့ ပြန်လာခဲ့ပြီး မည်သည့်နေရာသို့ ဆက်သွားရမှန်း မသိရှိခဲ့၍ ထိုင်းရဲစခန်းတွင် သွားရောက် အဖမ်းခံခဲ့ခြင်း ဖြစ်ပါကြောင်း ရှင်းပြခဲ့ပါသည်။

လူကုန်ကူးမှု ကျူးလွန်ခဲ့သော တရားခံ  မဟာဘူး

ပြည်သူ့စေတနာ့ဝန်ထမ်း (P.V.A) မှ မဟာဘူးဆိုသူအား မဲဆောက်မြို့သို့ ရောက်ရှိနေစဉ် ဖမ်းဆီးနိုင်ခဲ့ပြီး တရားဥပေဒနှင့် အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

0 comments:

Post a Comment