Thursday, August 7, 2014

ထိုင်းအလုပ်ရှင်မှ မြန်မာရွှေ့ပြောင်း အလုပ်သမားအား မတရားစွပ်စွဲ ခြိမ်းခြောက်မှု

ကိုဖြိုး(၁၉)နှစ်သည် အသက်(၁၀)နှစ် ကတည်းက ဖုတ်ဖမြို့နယ် ၃၇ ကီလိုရွာတွင် တောင်ယာခြံစိုက်ပျိုး၌ နေထိုင် လုပ်ကိုင်လာခဲ့သည်။ လွန်ခဲ့သောနှစ်က မကြည်ပြာနှင့် အိမ်ထောင်ကျခဲ့ပြီး လသားအရွယ် သားတယောက် ထွန်းကားခဲ့သည်။ လွန်ခဲ့သော (၉) နှစ်ကျော်ကတည်းက မြန်မာပြည်မှ ထွက်လာခြင်း၊ အိမ်ထောင်သည်ဘဝသို့ ရောက်ရှိခြင်း၊ သားသမီးထွန်းကားခြင်း တို့ကြောင့် မြန်မာပြည် ဇာတိမြေသို့ တခေါက်တခါပြန်ရန် (၁၇-၁၁-၂၀၁၀)ရက်နေ့တွင် အလုပ်ရှင်ထံ၌် ခွင့်တောင်းလိုက်သည်။

မတရားစွပ်စွဲ ခြိမ်းခြောက်ခြင်းခံရသော ကိုဖြိုးမိသားစု


နောက်တနေ့ဖြစ်သော (၁၈-၁၁-၂၀၁၀) ရက်နေ့ နံနက်တွင် အလုပ်ရှင် ဖိနွမ်း (ထိုင်းလူမျိုး)မှ သူ၏ကားပေါ်တက်ခိုင်းပြီး သေနတ်သုံးချက် မိုးပေါ်ထောင်ပစ်လိုက်သည်။ ထို့နောက်တွင် သူ၏အိမ်သို့ တင်ဆောင်သွားခဲ့ပြီး ကိုဖြိုးအား ဘတ်ငွေ (၂၀၀၀၀) ကိုခိုးယူထားသည်ဟု စွပ်စွဲပြီး ပြန်မပေးပါက ရိုက်နက်စစ်ဆေးမည်၊ ရဲနှင့်ဖမ်းခိုင်းမည်၊ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ 

ကိုဖြိုးမှ ဘာလုပ်ရမှန်း မသိသည့်အတွက်ကြောင့် မိသားစုပိုင် ဆွဲကြိုး(၅)မူးသားကို ပေးအပ်ပြီး တောင်းပန်သော်လည်း၊ အလုပ်ရှင် ဖိနွမ်းမှ ကိုဖြိုး၏ ဇနီး၊ သား၊ ယောက်ခမ၊ အကို ဖြစ်သူတို့အား သူ၏အိမ်တွင် ထားခဲ့ခိုင်းပြီး ထပ်မံငွေရှာခိုင်းသဖြင့် ကိုဖြိုးမှ ၎င်းတို့အား အလုပ်ရှင်အိမ်တွင်ထားခဲ့ပြီး နောက်ထပ်လိုအပ်သော ငွေကို လိုက်လံရှာဖွေခဲ့ရသည်။ တခြံတည်းနေ လုပ်ဖော် ကိုင်ဖက်တဦုး၏ အကူအညီဖြင့် နောက်ထပ်ဆွဲကြိုး(၅)မူးသားကို ချေးယူနိုင်ပြီး အလုပ်ရှင်ဖိနွမ်းထံ အပ်နှံလိုက်ရသည်။ အလုပ်ရှင်ဖိနွမ်းမှ လိုင်းကားတစီးကို သီးသန့်ခေါ်ယူ စီစဉ်မှုဖြင့် မဲဆောက်ကမ်းနားလှေပေါ် အရောက် ပို့ဆောင်ခြင်းခံခဲ့ရသည်။ 

အထက်ပါဖြစ်ရပ်နှင်ပက်သက်၍ မြဝတီရှိ တာဝန်သိပြည်သူတဦး၏ လမ်းညွှန်မှုဖြင့် (၂၁-၁၁-၂၀၁၀)ရက်နေ့တွင် PVA ရုံးသို့ ကိုဖြိုးတို့မိသားစုမှ ၎င်းတို့၏မတရားခံရမှုကို ကူညီဖြေရှင်းပေးရန် တိုင်ကြားခဲ့သည်။ PVA ၏ဦးဆောင်မှုဖြင့် ဖုတ်ဖရဲစခန်းတွင် အမှုဖွင့်ထားပြီး အမှန်တရားဖြစ်ရေးနှင့် ၎င်းအလုပ်ရှင်အား ဥပဒေအရ အရေးယူနိုင်ရေးတို့ကို ဆောင်ရွက်ပေးလျှက်ရှိသည်။

0 comments:

Post a Comment