ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးတွင်
တာဝန်ထမ်းဆောင်နေ သော မြန်မာ
အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်က
လက်ရေးမူဖြင့် ကြေညာ ချက်တစ်စောင်
ထုတ်ပြန်ခဲ့သည်။
စာပါ အကြောင်းအရာများမှာ……….
“ထိုင်းရောက် အလုပ်သမားများသို့ အသိပေး ကြေညာခြင်း”
ထိုင်းနိုင်ငံ အစိုးရ၏ နိုင်ငံရေးအရ ဖြစ်ပေါ်ပြောင်းလဲနေသော အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်း အလုပ်သမားများအား
ထိုင်းစစ်တပ်နှင့် ရဲများမှ ဖမ်းဆီးနေကြောင်း သတင်းမျိုးစုံ ထွက်ပေါ်လျှက် ရှိနေပါသည်။
ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် မိမိတွင် Passport စာအုပ် Workpermit အထောက်အထားများ ပြည့်စုံစွာ ရှိလျှက်နှင့် ဖမ်းဆီးခြင်းခံရ ပါက အလုပ်သမား သံအရာရှိထံ အောက်ဖေါ်ပြပါ ဖုန်းနံပါတ် များကို အချိန် မရွေး ကူညီဆောင်ရွက်ပေးပါမည်။
ဆက်သွယ်ရန် ဖုန်းနံပါတ်များမှာ
086 777 6825 083 9812 175 091 537 0018 083 5446 442
ဟူ၍ ကြေညာချက်တွင်ပါရှိသည်။
ရွှေလုပ်သား
www.shwemyanmarmediagroup.org








0 comments:
Post a Comment