မယ်ပ ကျွန်းတောတွင် နေထိုင်ကြသော မောင်ချမ်းမြေ့အောင် (၁၆)နှစ်သည် မဇင်မင်းအေး (၁၅)နှစ်အား (၁၈-၇-၂၀၁၁)ရက်နေ့တွင် ခိုးယူ ပေါင်းသင်းခဲ့သည်။ ထိုအမှုအား မိန်းကလေးရှင်များဘက်မှ PVA ရုံးသို့ တိုင်ကြားလာပြီး၊ သမီးဖြစ်သူအား အမြန်ဆုံးရှာဖွေပေးပါရန် အကူအညီတောင်းခံခဲ့ပါသည်။
PVA တာဝန်ရှိသူများမှ အမှုကို ဖြေရှင်းပေးနေစဉ်
PVA ဗဟိုကော်မတီမှ ဒေသကော်မတီ (မယ်ပ) သို့ အကြောင်းကြားပြီး မောင်ချမ်းမြေ့အောင်နှင့် မဇင်မင်းအေးတို့ကို ရှာဖွေရန် ညွှန်ကြားခဲ့သည်။ (၁၉-၇-၂၀၁၁) ရက်နေ့တွင် သူတို့နှစ်ဦးကို ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး၊ နှစ်ဖတ်စလုံးမှ မိဘများကိုခေါ်ယူကာ အမှုကို ညှိနှိုင်းဖြေရှင်းခဲ့သည်။ ထိုသို့ဖြေရှင်းရာတွင် မောင်ချမ်းမြေ့အောင်နှင့် မဇင်မင်းအေးတို့သည် အသက်အရွယ်မပြည့်သေး၍ မိဘများ၏အုပ်ထိန်းမှုအောက်တွင် ရှိသင့်ကြောင်းဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် သူတို့နှစ်ယောက်အား သက်ဆိုင်ရာ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးပြီး၊ ကလေးနှစ်ယောက်စလုံးကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ရန် နှစ်ဖက်စလုံးကို ဝန်ခံကတိပြု စာချုပ် ချုပ်ပေးခဲ့သည်။








0 comments:
Post a Comment