(၂ - ၆ - ၂၀၁၄) ရက်နေ့တွင် ကိုကောင်လေးနှင့် မိခင်ဖြစ်သူ ဒေါ်ဘီတို့သည် တလာနတ် ဈေးသွားရောင်းရန် စက်ဆမ်လောမောင်းပြီး သွားရာတွင် မဲဆောက်မြို့ ၊ မယ်ပ တရုတ်သင်္ချိုင်းအနီး ဟုတ်လော့ ခေါ် ခြောက်ဘီးကား (၀၈/၂၄၆၀) အဖြူရောင်သည် နောက်မှ မောင်းနှင်လာပြီး ကျော်တက်ရာတွင် ကားနောက်ပိုင်းနှင့် ရိုက်မိသဖြင့် ဆမ်လော့ပေါ်မှ လွင့်ကျသွားခဲ့သည်။
ထိုကားမှ အရေးပေါ်လူနာကား ခေါ်ပေးခဲ့သဖြင့် မဲဆောက်ဆေးရုံကြီးသို့ ရောက်ရှိခဲ့သည်။ သို့သော် ကားပိုင်ရှင်မှာ ယနေ့တိုင် ဆေးရုံသို့ ရောက်ရှိလာခြင်း မရှိသလို ဆေးဖိုးဝါးခလည်း ပေးခြင်း မရှိခဲ့ပါ။ ဆေးကုသစရိတ် မပေးနိုင်ခဲ့သဖြင့် ဆေးရုံမှ မောင်းထုတ်ခံခဲ့ရသည်။
ကိုကောင်လေးနှင့် မိခင်ဖြစ်သူတို့သည် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (P.V.A) ရုံးသို့ ရောက်ရှိလာကာ ဆေးကုသစရိတ် ရရှိနိုင်ရေး အကူအညီပေးပါရန် (၄- ၆ - ၂၀၁၄) ရက်နေ့တွင် တောင်းခံလာခဲ့ပါသည်။ ဆေးကုသစရိတ် ရရှိနိုင်ရေးအတွက် ထိုင်းအာဏာပိုင်မှ ဆက်လက်ဆောင်ရွက်နိုင်ရန် ပြည်သူ့စေတနာ့ဝန်ထမ်းအသင် (P.V.A) မှ ကိုထွန်းကျော်နှင့် ကိုဝေယံတို့သည် ရဲစခန်းသို့ သွားရောက် အပ်နှံပေးခဲ့သည်။ ရဲစခန်း တာဝန်ရှိသူတစ်ဦးမှ ဆေးကုသစရိတ် ရရှိနိုင်ရန်အတွက် ကားပိုင်ရှင်နှင့် ညှိနှိုင်းပေးမည် ဖြစ်ကြောင်း သိရသည်။







0 comments:
Post a Comment