ထိုင်းစစ်တပ် အာဏာသိမ်းချိန်မှစပြီး ထိုင်း-မြန်မာ နယ်စပ်ဂိတ်များအား ပိတ်ထားခဲ့ရာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ကမ်းနဖူးဒေသ အနီးရှိ မြန်မာပြည်ဘက်ခြမ်းတွင် ပညာသင်ကြားလျက် ရှိသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ်များမှာ ပညာသင်ကြားရန်အတွက် သွားရေးလာရေး အခက်အခဲနှင့် ရင်ဆိုင်ခဲ့ကြရသည်။
ထိုကဲ့သို့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၏ ကလေးငယ်များ တစ်ဘက်ကမ်းသို့ ကျောင်းတက်ရန် အခက်အခဲ ဖြစ်နေချိန်တွင် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA) ၏ အမှတ် (၈) ဒေသကော်မတီမှ ကိုဇေယျာ ဦးဆောင်သော အဖွဲ့ဝင်များသည် ထိုင်းစစ်တပ်နှင့် ညှိနှိုင်းကာ ကလေးငယ်များ ကျောင်းပုံမှန် တက်နိုင်ရေးအတွက် လှေဖြင့် ကြို/ပို့ လုပ်ပေးခဲ့ကာ ကူညီဆောင်ရွက် ပေးခဲ့ပါကြောင်း တင်ပြလိုက်ရပါသည်။







0 comments:
Post a Comment