Tuesday, June 17, 2014

ကလေး အခွင့်အရေး ဆိုင်ရာ ဆောင်ရွက်ခဲ့မှု မှတ်တမ်းဓါတ်ပုံ

မငယ် အသက် (၃ဝ)နှစ်သည် လင်ယောက်ျားရှိပါလျက်နှင့် မောင်ပြည်ဖြိုးနိုင် (၁၆) နှစ်အား တရားမဝင်ပေါင်းသင်းခြင်းကို ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ ခေါ်ယူဖြေရှင်းပေးနေစဉ်


မဲဆောက်မြို့နယ်၊ မယ်ကုလွမ်ရွာတွင် မောင်ဖြိုးဝေ အသက် (၁၃) နှစ်အား ထိုင်းသစ်တောအဖွဲ့မှ ဖမ်းဆီး သွားသည်ကို ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းနှင့် ကျေးရွာလူကြီးများပူးပေါင်းဆောင်ရွက်မှုဖြင့် ပြန်လည်လွတ်မြောက်လာစဉ်

အသက်မပြည့်သေးဘဲ ခိုးရာလိုက်ပြေးသော မဧကရီ အသက် (၁၄)နှစ်အား အချိန်မှီပြန်လည်ခေါ်ယူပြီး အမျိုးသမီးကူညီစောင့်ရှောက်ရေးအသင်းရှေ့မှောက်တွင် မိဘများထံ ပြန်လည်အပ်နှံနေစဉ်

0 comments:

Post a Comment