ထိုင်းနိုင်ငံအတွင်း နိုင်ငံရေး အပြောင်းအလဲနှင့်အတူ တရားမ၀င် အလုပ်သမားများအား ဖမ်းဆီး၍ နေရပ်ပြန်ပို့နေမှုများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ အမှတ်(၃)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ယုံယွတ်လောဝ်ခိတ်ကဏ်းမှ ချင်းရိုင်းခရိုင်အတွင်းရှိ မြန်မာအလုပ်သမားများနှင့် ပတ်သက်၍ ဇွန်လ(၂၂)ရက်နေ့က အောက်ပါအတိုင်း ပြောကြားလာသည်။
ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသရှိ ချင်းရိုင်းခရိုင်၊ ချင်းရိုင်း ၊ ချင်းရှဲန် ၊ မယ်ချဲန့် နှင့် မယ်ဆိုင်မြို့များတွင် နေထိုင် လုပ်ကိုင်လျှက် ရှိကြသည့် မြန်မာနိုင်ငံသားများ အနေဖြင့် ပတ်စ်ပို့ နှင့် အလုပ်ပါမစ် ရှိသူများ ၊ ပတ်စ်ပို့နှင့်အလုပ်ပါမစ် မရှိသော်လည်း သက်ဆိုင်ရာ အလုပ်ရှင်မှ ၎င်း၏ အလုပ်သမား မှန်ကန်ကြောင်း ထောက်ခံချက် ပေးနိုင်သူများအား ထိုင်းနိုင်ငံအာဏာပိုင် အဖွဲ့အစည်းများမှ ဖမ်းဆီးအရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်သွားမည် မဟုတ်သော်လည်း အထောက် အထားမဲ့ နေထိုင်သူများကိုမူ လုံခြုံရေးအရ ဖမ်းဆီးအရေးယူမှု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ အမှတ် (၃) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ယုံယွတ်လောဝ်ခိတ်ကဏ်းမှ ဇွန်လ ၂၂ ရက် နေ့က တာချီလိတ်မြို့ရှိ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသား များအား ကူညီ စောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ ( CNCMC) ထံသို့ ထိုင်း-မြန်မာ နယ်ခြား ကော်မတီမှ ဦးဘိုလေးမှ တဆင့် ဆက်သွယ်အသိပေး ပြောကြားလာကြောင်း သိရှိရသည်။
by tachileik online news
by tachileik online news








0 comments:
Post a Comment