Sunday, June 17, 2012

ထုတ်ပြန်ကြေငြာချက် (၀၁/၂၀၀၉)



ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း

ထုတ်ပြန်ကြေငြာချက် (၀၁/ ၂၀၀၉)




၂၀၀၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂)ရက်





ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်လျှက်ရှိသော မြန်မာ့စေတနာ့ဝန်ထမ်းအသင်း Burma Volunteers’ Association (BVA) သည် ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ အသင်း၏အမည်အား ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း People Volunteers' Association (PVA) ဟု အမည်ပြောင်းလဲလိုက်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။





ယနေ့ကာလတွင် ကြုံတွေ့နေကြရသော မြန်မာနိုင်ငံ၏ စီးပွားရေးအကျပ်အတည်းများကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံအပါအဝင် တိုင်းတပါး၌ ခက်ခဲစွာဝင်ရောက်လုပ်လုပ်ကိုင်နေသည့် အခြေအနေသို့ ရောက်ရှိလျှက်ရှိပေသည်။ ဤအခြေအနေဆိုးသည် ပြောင်းလဲသွားခြင်းမရှိဘဲဆက်လက် တည်ရှိနေဦးမည့် အလားအလာများကိုသာ မြင်တွေ့နေရပေသည်။





ထိုသို့သောအခြေအနေတွင် ထိုင်းနိုင်ငံအတွင်းတွင် ဝင်ရောက်အလုပ်လုပ်ကိုင်နေထိုင်ကြသော မြန်မာပြည်သားများနှင့် ထိုင်းလူမှုအသိုင်းဝိုင်းများကြား လိုက်လျောညီထွေစွာဖြင့် အဆင်ပြေမှုရှိစေရန်၊ မလိုလားအပ်သောပြဿနာများ မပေါ်ပေါက်စေရန်နှင့် တိုင်းတပါးရောက် မြန်မာပြည်သူများကြားတွင် ဖြစ်ပေါ်ကြုံတွေ့လေ့ရှိသည့် အခက်အခဲများအား ကောင်းမွန်စွာ ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်လျှက် ရှိနေပေသည်။





အထက်ပါ လိုအပ်ချက်များအား ကူညီဖြည့်ဆည်းပေးရန်အတွက် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ တတ်အားသမျှ ရပ်တည်ဆောင် ရွက်သွားမည်ဖြစ်ပါသည်။





ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသည် လူမျိုး၊ ဘာသာ၊ ကျား/မ မခွဲခြားဘဲ ပြည်သူများ၏ အခက်အခဲ ပြဿနာ၊ အရေးကိစ္စများ၊ မတော်မတရားပြုမူုခံရမှုများအား တရားမျှတမှု၊ ဥပဒေနှင့်ညီညွှတ်မှု၊ ကိုယ်ချင်းစာညှာတာမှု တို့ဖြင့် အတက်နိုင်ဆုံး ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။




ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသည်





(၁) ပြည်သူအချင်းချင်းကြား ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်သွားနိုင်ရေး၊

(၂) ပြည်သူတို့၏ အသိအမြင်၊ အတွေးအခေါ်၊ ဗဟုသုတများ တိုးတက်မြင့်မားလာစေရေး၊

(၃) စည်းကမ်း၊ စာရိတ္တကောင်းမွန်ပြီး ချစ်ကြည်စည်းလုံးစွာဖြင့် လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက် သွားနိုင်ရေး၊

(၄) တာဝန်သိစိတ်ဓာတ်နိုးကြားတက်ကြွစွာဖြင့် ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်လောက တည် ဆောက်နိုင်ရေး ဟူသော ဦးတည်ချက်များထားရှိကာ ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်လျှက်ရှိပါကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။









ဗဟိုဦးဆောင်ကော်မတီ

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း

E- mail: pva.maesod@gmail.com

Phone: 087 695 3100

087 202 7932

0 comments:

Post a Comment