(၁၉-၁၀-၂၀၁၂)ရက်နေ့ ညနေပိုင်းတွင် လင်ဖြစ်သူ ဂျမာနုဒင်(ခ)ဇော်ဇော်ဆိုသူက ဇနီးဖြစ်သူ မမာဇီဒါ၏ မျက်နှာအား ပုလင်းကွဲဖြင့် (၃) ကြိမ် ထိုးခဲ့ကြောင်း PVAရုံးသို့ ဖုန်းဖြင့် အကြောင်းကြားလာခဲ့ပါသည်။
PVA မှ တာဝန်ရှိသူများသည် အခင်းဖြစ်ပွားရာ နေရာသို့သွားရောက်ပြီး ဒဏ်ရာရသူကို ဆေးခန်းသို့ပို့၍ အကြောင်းစုံ ကို မေးမြန်းစုံစမ်းရာ ၎င်းတို့လင်မယားသည် လွန်ခဲ့သော တနှစ်ခန့်က စတင်ပေါင်းသင်းခဲ့သော အစ္စလာမ်ဘာသာ ဝင်များဖြစ်သော်လည်း အိမ်ထောင်ရေး အဆင်မပြေကြကြောင်း၊ လွန်ခဲ့သော တလခန့်က လင်မယားခြင်း စကား အခြေအတင်များရာမှ ကိုယ်ထိလက်ရောက် ပြုမှုခဲ့ကြပြီး မယားဖြစ်သူ၏မောင်(ယောက်ဖ)က လင်ဖြစ်သူအား သစ်သား တုတ်တိုဖြင့် ဝင်ရိုက်ရာ မျက်နှာတွင် ဒဏ်ရာရပြီး PVAရုံးသို့ လာရောက်တိုင်ကြားခဲ့ရာ မှနောက်ပိုင်းလင်မယား ဆက်ဆံရေးမှာ ပိုမို၍ဆိုးရွားလာခဲ့ကြောင်းသိရပါသည်။
PVAသည် နှစ်ဖက်လုံးက သက်ဆိုင်သူများအားခေါ်ဆိုပြီး လင်မယားအဆင်ပြေရေးအတွက် (၂)ကြိမ်တိုင်တိုင် ညှိနှိုင်းပေးခဲ့သော်လည်း မိန်းကလေးဖက်က မည်သို့မှ မပေါင်းသင်းနိုင်တော့ကြောင်း အပြင်းအထန်ငြင်းဆိုနေပါသဖြင့်၊ ပြတ်ဆဲခြင်းအတွက် အစ္စလာမ်ဘာသာဝင်လူကြီး များနှင့်တွေ့ဆုံညှိုနှိုင်းကြရန်ပြောဆိုပြီး မပြတ်ဆဲခင် စပ်ကြား တဦးနှင့်တဦးပြောဆိုနှောက်ယှက်ခြင်း မပြုကြရန် (၁၉-၁၀-၂၀၁၂)ရက်နေ့တွင် ခံဝန်လက်မှတ်ထိုးစေခဲ့ပါသည်။
ထိုနေ့လက်မှတ်ထိုးပြီး အပြန်ခရီးတွင်ပင် ဂျမာနုဒင်မှာလမ်းမှ ကြိုတင်စောင့်နေပြီး မမာဇီတာ စက်ဘီးအား တွန်းလှဲကာ အရက်ပုလင်းကို ခွဲထားသောအချွှန်ဖြင့် မျက်နှာကို ထိုးကာ ထွက်ပြေးသွားခြင်းဖြစ်သည်။ မမာဇီ၏ဒဏ်ရာကို မဲဆောက်ဆေးရုံကြီးတွင် ပြသဆေးကုသမှုခံ ယူစေပြီး ထွက်ပြေးတိမ်းရှောင်နေသော ဂျနုမာဒင်၏ သတင်းအားPVA မှ ဆက်လက်စုံစမ်းလျက်ရှိပါသည်။







0 comments:
Post a Comment