ဒေါ်နွန်မာဘီတို့၏ သမီးဖြစ်သူ (၇) နှစ်အရွယ်ရှိ မအာဆီနာသည်၊ စွန့်ပစ်ပစ္စည်းများ လိုက်ကောက်နေရာမှ ဦးအဒူလာ၏ နေအိမ်နောက်ဖေးတွင် ကြက်သွန်၊ ငရုပ်သီး၊ ဇွန်း သုံးချောင်း (ဘတ် ၃၀) ဖိုးခန့်ရှိ ပစ္စည်းအား ဝင်ရောက်ယူမိသဖြင့်၊ အိမ်ရှင် ဦးအဒူလာမှ ဖမ်းဆီးရုက်နှက်ခဲ့သည်။ တာဝန်သိ ပြည်သူတစ်ဦးမှ အကြောင်းကြား၍ PVA မှ ၎င်းကိစ္စကို (၂၅-၇-၂၀၁၀) ရက်နေ့တွင် ကိုင်တွယ်ဖြေရှင်းပေးရသည်။
ဦးအဒူလာ၏ ထိုးကြိတ်ရိုက်နှက်မှု ခံရသော မအာဆီနာအား PVA ရုံးတွင် တွေ့ရစဉ်
စုံစမ်း စစ်ဆေးချက်များအရ ဦးအဒူလာသည် မအာဆီနာအား လက်ပြန်ကြိုး တင်းကြပ်စွာ တုပ်နှောင်ပြီး၊ ဒုတ်၊ လက်ဝါး၊ ခြေထောက်တို့ဖြင့် ရိုက်နှက်ခြင်း၊ ကန်ကြောက်ခြင်း၊ ဝမ်းဗိုက်အား တက်နင်းခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မအာဆီနာအား ထိုးကြိတ် ရိုက်နှက်ခဲ့သော ဦးအဒူလာအား တွေ့ရစဉ် (တုတ်ချောင်းကိုင်ထားသူ)
အစ္စလာမ်ဘာသာရေး အကြီးအကဲ ဖြစ်သော အဘိုင်အီဆွတ် ရှေ့မှောက်တွင် PVA မှ ဦးအဒူလာအား ကလေးအခွင့်အရေး ချိုးဖောက်မှု့ ကျုးလွန်ခြင်းဖြစ်ကြောင်း ဥပဒေအရ အရေးယူနိုင်ကြောင်း၊ မိဘ (သို့မဟုတ်) ရပ်ကွက်လူကြီးအား အပ်နှံသင့်ကြောင်း ပညာပေး စကားပြောကြားပြီး ဆေးဖိုးဝါးခ ကျခံရန်နှင့် နောင်ဤသို့ မကျုးလွန်အောင် ဝန်ခံဂတိပြုချက် လက်မှတ်ရေးစေခဲ့သည်။
အစ္စလာမ်ဘာသာရေး အကြီးအကဲ ဖြစ်သော အဘိုင်အီဆွတ် မှ ဆုံးမနေစဉ်
ကလေး၏ မိဘများကိုလည်း ကလေးအားခိုင်းစားရန် မသင့်ကြောင်း လမ်းညွှန်တိုက်တွန်းပြီး ကလေးအား ကျောင်းထားပေးရန် ၀န်ခံဂတိပြုချက်ရယူဆောင်ရွက်စေလိုက်သည်။










0 comments:
Post a Comment