ကိုမောင်မောင်မြင့်သည် အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပြီး တီဗီ၊ တယ်လီဖုန်း စသည့် အီလက်ထရွန်းနစ် ပစ္စည်းများ ပြင်သည့်ဆိုင်ဖွင့်လှစ်ထားသည်။ သူ၏ဆိုင်မှ အလုပ်သမားတဦးသည် CD စက်တလုံးကိုခိုးယူပြီး အီဆွတ်ထံသို့ သူခိုးဈေးဖြင့် ရောင်းလိုက်သည်။
သံလက်သီးဖြင့် အထိုးခံရမှုကြောင့် ရရှိသွားသော ဒါဏ်ရာ
အီဆွတ်သည် မြန်မာစကားပြောနိုင်သော ထိုင်းနိုင်ငံသား အစ္စလာမ်ဘာသာဝင်ဖြစ်သည်။ အီဆွတ်ဝယ်ယူထားသည့် CD စက်ကို မူလပိုင်ရှင်ဖြစ်သော ကိုမောင်မောင်မြင့်အား လာဝယ်ပါရန် ဖိတ်ခေါ်သဖြင့် သွားရောက်ကြည့်ရာမှ ကိုမောင်မောင်မြင့်က သူပစ္စည်းဖြစ်ကြောင်း၊ သူခိုးလက်ခံဖြစ်နိုင်ကြောင်း၊ဝယ်ထားသည့် ဈေးဖြင့်သာ ပြန်ရောင်းပေးစေလိုကြောင်း ပြောကြားတောင်းဆိုလိုက်သည်။ အီဆွတ်က လက်မခံနိုင်ကြောင်း တုံ့ပြန်သဖြင့် ကိုမောင်မောင်မြင့် ပြန်ထွက်လာခဲ့သည်။
အီဆွတ်သည် စက်ဘီးဖြင့် ပြန်ထွက်သွားသော ကိုမောင်မောင်မြင့်နောက်သို့ ဆိုက်ကယ်ဖြင့်လိုက်သွားပြီး သံလက်သီး စွပ်ထားသော လက်ဖြင့် ထိုးကြိတ်လိုက်ရာ ကိုမောင်မောင်မြင့်၏ ဦးခေါင်းကွဲသွားခဲ့သည်။ အီဆွတ်က" ငါ ထိုင်းနိုင်ငံသားပဲကွ၊ ကြိုက်တဲ့အဖွဲ့နဲ့ တိုင်လို့်ရတယ်" ဟု ပြောသည်ကို ကိုမောင်မောင်မြင့်က " ငါတို့ မြန်မာပြည်သားတွေကို ကူညီစောင့်ရှောက်တဲ့ အဖွဲ့အစည်းရှိတယ်၊ အဲဒီအဖွဲ့ကို သွားတိုင်မယ်" ဟု တုံ့ပြန်ပြောဆိုလိုက်သည်။
အခင်းဖြစ်ပွားသည့်နေ့သည် (၂၂-၃-၂၀၁၁) ရက်နေ့ဖြစ်ပြီး ညနေ ၆ နာရီ ခွဲခန့်တွင်ဖြစ်သည်။
PVA ရုံးသို့ လာရောက်တိုင်ကြားသော ကိုမောင်မောင်မြင့်အား ဒါဏ်ရာသွေးတိတ်အောင် ပြုစုပေးပြီး မဲဆောက် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားပေးလိုက်သည်။ PVA နှင့် အမှုကိုင်ရဲအရာရှိတို့၏ ညှိုနှိုင်းမှုဖြင့် အီဆွတ်အား ကိုမောင်မောင်မြင့်အတွက် ဆေးဝါးကုသစရိတ်နှင့် နစ်နာကြေးပေးရန် ဖြေရှင်းဆုံးဖြတ်ပေးလိုက်သည်။








0 comments:
Post a Comment