Monday, June 16, 2014

မြန်မာနိုင်ငံမှ တာဝန်ရှိ သက်ဆိုင်ရာ လူကြီးများနှင့် မိဘဆွေမျိုး မောင်နှမများ သိစေရန်

အမြန်ဆုံးဒီသတင်းကို မြန်မာတိုင်းရင်းသား အချင်းချင်း စာနာစိတ် ကလေးထားပြီး အမြန် ရှယ်ပေးကြပါ။ ထိုင်းမှာ စစ်တပ်အာဏာ သိမ်းပြီးနောက်... ရိုးသားစွာ ထိုင်းတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား တိုင်းရင်းသားညီအစ်ကို တွေ ပတ်စပို့ မရှိသူတွေတင်မက ၄နှစ် ကုန်ဆုံးပြီး ပြန်ဆက်မရသေးသော လူများလည်း အပြင်မထွက်ရဲ လောက်အောင် ကြောက်နေရပါတယ်။






ထိုင်းစစ်သားနဲ့ ရဲများ ပူးပေါင်းပြီး လိုက်လံဖမ်းဆီး နေပါပြီ။ ဟိုတနေ့ကဆို အကြောက်လွန်ပြီး ပြေးသွားတဲ့ မြန်မာတစ်ယောက်ကိုလည်း သေနတ်ဖြင့် ပစ်ခတ်လိုက်လို့ သေသလား ရှင်သလားတောင် မသိ့လိုက်ပါဘူး။ ထိုင်းမှာ ရှိနေတဲ့ ညီအကိုမောင်နှမတွေလည်း ခုတောအတွင်း အပြင်ထွက်ရင် သတိထားကြပါ။ ပတ်စပို့ရှိသူကိုလည်း အမျိုးမျိုးအပစ်ရှာပြီး ငွေညစ်နေပါတယ်။ မြန်မာသံရုံးနဲ့ ထိုင်းမှာရှိတဲ့ အဖွဲ့အစည်းတွေကလည်း ဘာမှသုံးလို့မရဘူး ပွဲစားတွေနဲ့ပေါင်းပြီး မြန်မာအလုပ်သမားတွေဆီက ဘယ်လိုလိမ်ပြီး ပတ်စပို့လုပ်ပေးကာငွေတွေ ကို မတန်မဆ တောင်းရမယ်ဆိုတဲ့ အတွေးတွေပဲရှိတယ်။ မြန်မာပြည်က သူငယ်ချင်းတို့လည်း ဒီသတင်းကို မဆိုင်သလို အတွေးမျိုးမထားပဲ ညီရင်းအစ်ကို မောင်နှမစိတ်ကလေးထားကာ ဒီသတင်းကို များများ ရှယ်ပေးကြပါလို့ တောင်းဆိုလိုက်ပါတယ်။ 

အထူးကျေးဇူးတင်လျက် 
သားကြီး (ကရင်ပြည်နယ်သား)

1 comment:

  1. ညီအစ်ကိုတို့ သွေးစီးညီညွတ်စွာလက်တွဲပြီး တည်ငြိမ်မှုရအောင်လုပ်ကြပါ။ PVA နဲ့ချိတ်ဆက်အလုပ် လုပ်ကြပါ။

    ReplyDelete