မောင်နေမျိုး၊ မောင်ချမ်းအေးနှင့် မယမင်းဦးတို့သည် လုပ်အားခမငွေမရရှိသဖြင့် လုပ်အားခငွေရရှိရေး ကူညီဆောင်ရွက်ပေးပါရန် (၁၄-၅-၂၀၁၄) ရက်နေ့တွင် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA) သို့ လာရောက် အကူအညီတောင်းခံခဲ့ပါသည်။
ဖြစ်စဉ်အား မေးမြန်းရာ ၎င်းတို့ (၃) ဦးသည် မဲဆောက်မြို့၊ ကတ်ပိဘန်းရပ်၊ ဘုန်းကြီကျောင်းအနီးရှိ ဦးကွက်တိ (ထိုင်းလူမျိုး)၏ သိုးမွှေးရုံ (အိမ်ရုံ) တွင် (၁၈-၈-၂၀၁၃) ရက်နေ့မှ စတင် အလုပ်လုပ်ခဲ့ကြသည်။ ထိုသို့လုပ်ကိုင်နေရင်း ဦးကွက်တိမှ ဟုံဖိုင်ရှိ သူ၏ ပါတနာဖြစ်သော ထိုင်းလူမျိုးတစ်ဦး ပိုင်ဆိုင်သည့် အိမ်ရုံသို့ (၁၀-၄-၂၀၁၄) ရက်နေ့တွင် ပြောင်းရွှေ့ အလုပ်လုပ်စေခဲ့သည်။ ဟုံဖိုင်တွင် နေထိုင်ရေး အဆင်မပြေသဖြင့် ထွက်ခွင့်တောင်းရာ ဟုံဖိုင်သူဌေးမှ အော်ဒါပြီးအောင်လုပ်ပေးက ထွက်ခွင့်ပေးမည် ဖြစ်ကြောင်းနှင့် လုပ်အားခအား (၁၀-၅-၂၀၁၄) ရက်နေ့တွင် လာရောက်ထုတ်ယူရန် ပြောခဲ့ကြောင်း၊ သူဌေး ပြောသည့်အတိုင်း လုပ်ကိုင်ပေးခဲ့ပြီး (၁၀-၅-၂၀၁၄) ရက်နေ့၌ လုပ်အားခ သွားထုတ်ရာတွင် ဟုံဖိုင်သူဌေးမှ သူ့ထံတွင် အလုပ်ဆက်မလုပ်၍ မပေးနိုင်ဟု ပြောဆိုခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းတို့ (၃) ဦး အနေဖြင့် လုပ်အားခငွေ ရရှိရေးအတွက် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA) သို့ လာရောက် အကူ အညီ တောင်းခံခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA) အနေဖြင့် ၎င်းတို့ သုံးဦး၏ လုပ်အားခငွေ ရရှိရေးအတွက် (၁၄-၅-၂၀၁၄) ရက်နေ့တွင် ဆ၀ါဒီကန်ရုံးသို့ ပို့ဆောင်ပေးခဲ့ပြီး ၊ ထိုနေ့၌ပင် ထိုင်းသူဌေးမှ ဆ၀ါဒီကန်ရုံးသို့ လုပ်အားခငွေများ ပေးခဲ့ပါသည်။







0 comments:
Post a Comment