Tuesday, June 10, 2014

လုပ်အားခငွေ ရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးခြင်း

မဲဆောက်မြို့၊ ကတ်ဘိဘန်းရပ်ကွပ်၊ ၀ရိန်အလုပ်ရုံ (တွင်ခုံ)တွင် အလုပ် လုပ်ကိုင်နေသော မြန်မာအလုပ်သမား (၉) ဦးတို့သည် မိမိတို့ လုပ်အားခ ငွေများအား အလုပ်ရှင် ချန်ဘွဲ့ (ထိုင်းလူမျိုး)မှ ထုတ်ပေးခြင်း မရှိပါသဖြင့် လုပ်အားခ ရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးပါရန် (၁၈-၄-၂၀၁၄) ရက်နေ့တွင် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (P.V.A) ရုံးသို့ အကူအညီ တောင်းလာခဲ့ပါသည်။ 



ဖြစ်စဉ်အား မေးမြန်းစုံစမ်းကာ P.V.A ရုံးအနေဖြင့် အလုပ်သမား (၉) ဦးတို့၏ လုပ်အားခငွေ စုစုပေါင်း (၆၉၃၃၀) ဘတ်အား ပြန်လည်ရရှိနိုင်ရေးအတွက် ထိုင်းအလုပ်သမား ကာကွယ်ကြီးကြပ်ရေးရုံး (ဆ၀ါဒီကန်) ရုံးမှ ဆက်လက်ဆောင်ရွက်နိုင်ရန် လွှဲပြောင်းကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။ ထိုနေ့တွင်ပင် ဆ၀ါဒီကန်ရုံးမှ တစ်ဆင့် အလုပ်ရှင်နှင့် ညှိနှိုင်းကာ မြန်မာအလုပ်သမားများ ဖြစ်ကြသည့် (၁) ကိုပိုင် (၂) ကိုရန်ကုန် (၃) ကိုအောင်သူ (၄) ကိုဘရိတ်ကီ (၅)ကိုသူ (၆) အကျော် (၇) သော်ဇင် (၈) ဇာနည်ထွန်း နှင့် (၉) ကိုမောင်အေးတို့၏ လုပ်အားခငွေများအား အရစ်ကျစနစ်ဖြင့် ပေးဆပ်စေခဲ့သည်။

0 comments:

Post a Comment