မဲဆောက်မြို့ တန်တီးရိုး (အောက်ဂျိုင့်) ရပ်ကွက်နေ မခင်စိုးနှင့် မဝေတို့သည် ကလေးချင်း ရန်ဖြစ်ရာမှ လူကြီးချင်းပါ စကားများကြပြီး ရိုက်မှုပါ ဖြစ်ခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ မဝေ၏ ကလေးမှ မခင်စိုး၏ မြေးအား ရိုက်နှက်ရာမှ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ရိုက်နှက်ခြင်းခံရသော မဝေ
မဝေ၏ ကလေးမှ ရိုက်နှက်ခြင်းကို မကျေနပ်သော မခင်စိုးမှာ မဝေ၏ အိမ်ရှေ့တွင် လာရောက်ကာ အော်ဟစ်ခဲ့သဖြင့် မဝေမှ ထွက်ပြောရာမှ စတင်ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ မခင်စိုး တစ်ဦးတည်းမှ ရိုက်နှက်ခြင်း မဟုတ်ဘဲ အတူပါလာသော အဖော် (၃) ဦးမှပါ ၀ိုင်ဝန်းရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ရိုက်နှက်ခံရမှုအား ကူညီဖြေရှင်းပေးပါရန် မဝေမှ (၃၀-၅-၂၀၁၄) ရက်နေ့တွင် ပြည်သူ့စေတနာ့ဝန်ထမ်း အသင်း (P.V.A) ၊ အမှတ် (၇) ဒေသ (မယ်ပ) သို့ လာရောက် အကူအညီ တောင်းခံခဲ့ပါသည်။
မခင်စိုးနှင့် အဖော်သုံးဦး
ပြည်သူ့စေတနာ့ဝန်ထမ်း အသင်း (P.V.A) အနေဖြင့် နှစ်ဦးနှစ်ဖက်အား ခေါ်ယူတွေ့ဆုံခဲ့ပြီး နောက်နောင် ထိုကဲ့သို့ မဖြစ်စေရန်နှင့် ရိုက်နှက်ခံရသော မဝေအား ဆေးကုသစရိတ်အတွက် ရိုက်နှက်သူ မခင်စိုးမှ ဘတ်ငွေ (၂၅၀၀) အား ပေးဆောင်စေရန် (၃၁-၅-၂၀၁၄) ရက်နေ့တွင် ဆုံးဖြတ်ပေးခဲ့ပါသည်။ နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိကာ ၀န်ခံကတိစာချုပ်တွင် လက်မှတ်ရေးထိုး စေခြင်းဖြင့် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (P.V.A) မှ ကူညီဖြေရှင်းပေးခဲ့ပါသည်။







0 comments:
Post a Comment