မြဝတီဘက်မှတစ်ဆင့် နယ်ခြားသောင်
ရင်းမြစ်ကို ဖြတ်ကူးကာ ထိုင်းနိုင်ငံ
မဲဆောက်မြို့ သို့ လူတစ်ဦးလျှင် ထိုင်း
ဘတ် ငွေ တစ်သောင်းခွဲ အကုန်အကျခံ ခိုးဝင်လာသောမြန်မာနိုင်ငံသား ၁၈
ဦးကို ထိုင်းနိုင်ငံ စစ်တပ်က ဇွန်လ ၁၈ ရက်က ဖမ်းဆီးထား ကြောင်း သတင်းရရှိသည်။
ခိုးဝင်လာသော မြန်မာနိုင်ငံ သား ၁၈ ဦးကို ထိုင်းနိုင်ငံစစ်တပ် က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
‘‘ဘန်ကောက်မှာ အလုပ် သွားလုပ်မလို့ ကယ်ရီသမားကို တစ်ယောက် ထိုင်းဘတ်ငွေ တစ်သောင်းခွဲပေးပြီး လာကြတာပါ။ မဲဆောက်မြို့မှာ အဖမ်းခံရတာ ပါ’’ဟု ထိုင်းနိုင်ငံသို့ ခိုးဝင်သဖြင့် ဖမ်းဆီးခံရသူ မဝင်းက ပြော သည်။
ဇွန်၁၈ရက်ညက ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများ(ဓာတ်ပုံ−မန်းမျိုးမြင့်မီဒီယာ)
‘‘အခုအဖမ်းခံရတဲ့သူတွေ က ထိုင်းဘက်ကို ကူးလာဖို့ အတွက် မြန်မာဘက်ခြမ်းက လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ကူညီပေးတယ်လို့ ပြောတယ်။ သူ တို့ကို မေးကြည့်တော့လည်း ဒီကို လာဖို့ တစ်ယောက်ကို ထိုင်းဘတ် ငွေ တစ်သောင်းခွဲလောက် ကုန်တယ်တဲ့။ ထိုင်းအာဏာပိုင်တွေကလည်း သူတို့ကို အရေးယူသွားမယ်လို့ ပြောသွားပါတယ်’’ဟု KNU ပြည်ထဲရေးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ ဖမ်းဆီးရာတွင် မဲဆောက် အခြေစိုက် အမှတ် (၄)ဒေသဆိုင် ရာကွပ်ကဲရေးတပ်မှူးကြီးအပါ အဝင် ထိုင်းလဝက၊ ထိုင်းနယ် ခြားစောင့်တပ်၊ ထိုင်းရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်များပါဝင်သော ပူး ပေါင်းအဖွဲ့များက ဖမ်းဆီးလိုက် ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံစစ်တပ် အာဏာသိမ်းပြီးနောက် တရားမဝင် နိုင်ငံသားများကို ဆက်တိုက်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လျက် ရှိရာ မြန်မာနိုင် ငံသား ၄၀၀ ကျော် ဖမ်း ဆီးခံခဲ့ရ ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာများက ပြောသည်။
သို့သော် အဖမ်းခံရသူ အများစုကို ပြန်လွှတ်ပေးသည်။ ထိုသို့ ဖမ်းဆီးခံရမှုများနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ မြန်မာသံရုံးရှိ သံအမတ်ကြီး ဦးဝင်းမောင်ထံ ဆက်သွယ်မေးမြန်းရာ မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံ စစ်တပ်က ဖမ်း ဆီးထားခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံသားများအား ဖမ်းဆီးမည် မဟုတ်ကြောင်း ပြောဆိုထား သည်။
နယ်စပ်ဂိတ်များမှ ခိုးဝင် လာသော မြန်မာများကို ဖမ်းဆီး မည်မဟုတ်ဘဲ မဝင်နိုင်ရန် စစ်ဆေးခြင်းသာဖြစ်ကြောင်း သံအမတ်ကြီး ဦးဝင်းမောင်က ပြော ကြားသည်။
7Day News Daily








0 comments:
Post a Comment