အသက်၁၅ နှစ်အရွယ် မယားပါ သမီးငယ်အား
အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး အကြပ်ကိုင်
၍ငွေေ ကြးပါ ထပ်မံတောင်းခံသဖြင့် MAT
နှင့် FED တို့ က နယ်မြေခံရဲဖြင့်ဖမ်းဆီး
အရေးယူထားကြောင်း သိရှိရသည်။
အဖြစ်အပျက်တို့အား ၈လအကြာတွင် မိခင်ဖြစ် သူက သိရှိခဲ့သည်။
ဇွန်လ ၁၈ ရက်နေ့က ၁၅ နှစ် အရွယ် ကလေးမ၏ မိခင်ဖြစ်သူထံသို့ အသက်၄၂ နှစ်အရွယ် ဦးခင်မောင်တင့် ဆိုသူက အဓမ္မပြုကျင့် ထားခြင်းများအား လူအများမသိစေ လိုပါက ဘတ်ငွေ ၂၀,၀၀၀ ပေးရမည် ဖြစ်ကြောင်း အကြပ်ကိုင် တောင်းခံလာခဲ့သည်။
အကယ်၍ မပေးအပ်ပါက မြန်မာပြည်သို့လည်း လူသိအောင် အရှက်ခွဲမည်ဟု ပြောပြန်သဖြင့် မိခင်ဖြစ်သူက ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ M.A.Tသို့ အကူညီ တောင်းခံလာခဲ့သည်။
M.A.T အဖွဲ့က ထိုင်းတောင်ပိုင်း တကွန်ပါ အခြေစိုက်ပညာရေး ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFE နှင့် ညှိနှိုင်းပြီးေ နာက် ချက်ခြင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
M.A.T အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ ခွင့်မလွှတ်ချင်အောင် ယုတ်မာတဲ့ အမှုကိစ္စ ဖြစ်တယ်။ ကျနော်တို့ အတွေ့အကြုံအရ ရဲဆေးရုံ စစ်ဆေးချက်တို့ သက်သေခံ အထောက်အထားတို့ တစ်စုံတစ်ခု ရရှိဖို့ ခက်ခဲနေတယ်။ ဒါပေမယ့် ဖြစ်ရပ်က မှန်နေတယ်။ ကလေးမလေးဘက်က အလွန်နစ်နာနေတယ်။
ကျနော်တို့ အတော်စဉ်းစားပြီးတော့ လုပ်ရတယ်။ တစ်ခုခု မှားယွင်းမှာ စိုးရိမ်တယ်။ နယ်မြေခံ ရဲအရာရှိကို အကျိုးအကြောင်း တင်ပြတယ်။ အချက်အလက်တွေ မှန်ကန်တိကျတယ် ဆိုတော့မှ ပထွေးဆိုသူကို ပိုက်ဆံ လာယူ ဆိုပြီး ခေါ်ဖမ်းလိုက်ရတယ်” ဟုပြောသည်။
ဘန်ကောက်မြို့ ဖက်ကဆင်....လမ်းတွင် အလုပ်လုပ်ကိုင်နေထိုင်သော အသက်၁၅နှစ်အရွယ် မိန်းကလေး၏မိခင်က“ကျမတို့ ထိုင်းမှာ ပေါင်းသင်းလာ တာ ၇နှစ်လောက်ရှိပြီ။
သမီးလေး အရွယ်ရောက်လာတာနဲ့ ခေါ်လိုက်တာ။ ကျမ မသိတဲ့အချိန်မှာ သမီးကို အဓမ္မပြုကျင့်တယ်။ တစ်ခါတစ်ရံ သမီး မျက်နှာညှိးနေတာမြင့်လို့ ကျမမေးတော့ သူဆူထားလို့ ဆိုပြီးပြောတာ။
ကျမကတောင်မှ အဖေဆူတာ သမီးကို ဆုံးမတာဆိုပြီးတော ပြောပြသေး တယ်။ ကျမ ဒီလိုပက်စက်မယ်လို့မထင်ဘူးလေ။ သမီး နေမကောင်း လို့ ဆေးရုံသွားပြတော့ ဆရာဝန်က ကလေးဟာ လိင်ဆက်ဆံခံဖူးတဲ့ လက္ခဏာ ရှိတယ်လို့ပြောမှ သမီးကိုမေးကြည့်တယ်။
ဒီတော့မှ ကျမသိတာ။ သိတော့ ကျမကသူ့ကို မပေါင်းတော့ဘူးဘာညာပြောတော့ သူက အရှက် မကွဲချင်ရင် ဘတ်ငွေ၂၀,၀၀၀ ချက်ခြင်းပေးဆိုပြီး အကြပ်ကိုင်တောင်းတာ” ဟုပြောသည်။
ပထွေးဖြစ်သူ ဦးခင်မောင်တင့် အား ယခုအခါ ရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားပြီး အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။
၎င်းသည် မွန်ပြည် နယ် မော်လမြိုင်မြို့နယ်၊ ခရိတ်သစ်ကျေးရွာမှဖြစ်ပြီး အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ်မှာ ကရင်ပြည်နယ်၊…………….မြို့နယ်၊ ……….ကျေးရွာမှဖြစ်ကြောင်းသိရှိရသည်။
ထိုင်းနိုင်ငံ အနှံ့အပြားတို့တွင် မြန်မာအလုပ်သမားအချင်းချင်း သတ်ဖြတ်မှု၊ အဓမ္မမှု၊ လိမ်လည်မှု စသည့် ရာဇ၀တ်မကင်းသော အမှုများနေ့စဉ်ဖြစ် ပွားလျှက်ရှိသော်လည်း ဖေါ်ထုတ်အရေး
ယူဆောင်ရွက်နိုင်မှုနည်းပါးသည်။
ရွှေလုပ်သား
http://www.shwemyanmarmediagroup.org
9.jpg)







တော်တော်ဆိုးတဲ့ လူဘဲ
ReplyDelete