Tuesday, June 17, 2014

မွေးပြီး(၃)ရက်သာ ရှိသေးသော ကလေးအား ရောင်းစားမှု

မစံပယ်(၁၉-နှစ်)သည် ကိုယ်ဝန်လေးလတွင် လင်ဖြစ်သူ မောင်ဖြိုးသန်းထွန်း၏ ပစ်ခွာခြင်း ခံခဲ့ရသည်။ ကိုယ်ဝန်ဖြင့် ဒုက္ခရောက်နေစဉ် မဖြိုး၏ အိမ်တွင် (၁၁) ရက်ခန့် တည်းခိုခဲ့ဘူးသည်။ မွေးလာသည့် ကလေးကို မွေးစားလိုသူ လက်သို့ ပေးမည်ဟု မစံပယ်မှ ပြောခဲ့သည်။ မဖြိုးမှလည်း မွေးစားလိုသူ လက်သို့ တာဝန်ယူ အပ်နှံပေးမည်ဟု ဆိုခဲ့သည်။ မစပယ်သည် (၂၃-၈-၂၀၁၀)ရက်နေ့တွင် မယ်တော်ဆေးခန်း၌ သမီးလေးမွေးဖွားပြီး (၂၅-၈-၂၀၁၀) ရက်နေ့တွင် မဖြိုးအိမ်သို့ ရောက်ရှိခဲ့သည်။ မဖြိုးမှ သမီးလေးအား မွေးစားလိုသူလက်သို့ အပ်နှံရန် စီစဉ်သည်ကို မစံပယ်မှ စဉ်းစားခွင့် တောင်းဆိုလိုက်သည်။


ထိုသို့ တောင်းဆိုချက်ကို မလိုက်လျောပဲ သမီးငယ်လေးအား အဓမ္မယူပြီး မွေးစားမည် ဆိုသော မူဆလင်(၂) ဦး လက်သို့ အပ်နှံလိုက်သည်။ မိခင်မစံပယ်သည် မိမိသမီးငယ်အား ပြန်လည်ရရှိရေးအတွက် (၂၆-၈-၂၀၁၀) ရက်နေ့ နံနက်တွင် PVA ရုံးသို့ လာရောက်တိုင်ကြား အကူအညီ တောင်းခံခဲ့သည်။ ခလေး နို့မစို့ရသဖြင့် မိခင်မစံပယ် နို့သက်လျက်ရှိပြီး နို့အုံမှ နို့ရည်များ ကျလျှက်ရှိသည်ကို တွေ့ရှိရသည်။ PVA မှ တိုင်ကြားချက် ရလျှင်ရခြင်း မဖြိုးရှိရာ နေအိမ်သို့ သွားရောက်ခဲ့သည်။ မဖြိုးအား နေအိမ်တွင် မတွေ့ရှိရသဖြင့် ရှိနိုင်သည့်နေရာကို စုံစမ်းရှာဖွေရာ မူဟာဂျီဝင်ရပ်ကွက် မဖြိုးအား တွေ့ရှိရပြီး ခလေးအား ပြန်လည် ရယူလိုက်သည်။ 

PVA နှင့်အတူ CPPRနှင့် BLC အဖွဲ့အစည်းများမှ အတူတကွ ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့သည်။ မွေးပြီး(၃)ရက်သာ ရှိသေးသည့် သမီးငယ်အား မိခင် မစံပယ်လက်သို့ ကောင်းမွန်စွာ ပြည်လည် အပ်နှံပေးခဲ့သည်။ ၎င်းခလေးအား မျှော့လူမျိုးများ လက်သို့ ရောင်းစားရန် ကြံစည်အားထုတ်ခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။ မစပယ်နှင့် သမီးငယ်လေးအား“အူဝဲလေး” လ္ဘက်ရည်ဆိုင်ပိုင်ရှင် မိသားစုမှ ကူညီစောင့်ရှောက်ရန် တာဝန်ယူလိုက်သည်။

0 comments:

Post a Comment