ကားဝယ်မှုနှင့် ပတ်သက်၍ ပေးထားသော ကြိုတင်ငွေ ပြန်မရရှိသဖြင့် အကူအညီပေးပါရန် (၁၄-၆-၂၀၁၄) ရက်နေ့တွင် မာရိစာမှ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA) သို့ အကူအညီတောင်းခံခဲ့သည်။
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA) အနေဖြင့် ဖြစ်စဉ်အား မေးမြန်းစုံစမ်းရာ မာရိစာသည် ပွဲစားကိုညီညီထံမှ Vee Do ကားအမျိုးအစား တစ်စီးအား ဘတ်ငွေ (33000) ဘတ်ဖြင့် ၀ယ်ယူခဲ့သည်။ ထိုသို့ ၀ယ်ယူရာတွင် ကားနှင့်ပတ်သက်သော စာရွက်စာတမ်းများ ပြည့်စုံမှု မရှိသေးသဖြင့် စရံငွေ (23000) ဘတ်ကို ကြိုတင်ငွေပေးခဲ့ပြီး ကားနှင့်ကားသော့အား ယူထားကာ စာရွက်စာတမ်း ပြည့်စုံမှသာ ကျန်ငွေ (10000) ဘတ် ကို ပေးချေမည်ဟု သဘောတူခဲ့ကြသည်။
သို့ရာတွင် ကိုညီညီမှာ နောက်တစ်နေ့ နံနက်တွင် ပြန်လည်ရောက်ရှိလာကာ ထိုကားအား (70000) ဘတ်ဖြင့်သာ ရောင်းမည်ဖြစ်ပြီး စာရွက်စာတမ်းအာ တစ်ခါတည်းပေးမည်ဟု ပြောခဲ့သည်။ မာရိစာမှ (70000)ဘတ်ဖြင့် ဆိုလျှင် မ၀ယ်နိုင်ကြောင်းနှင့် စရံငွေအား ပြန်တောင်းသောအခါ ကားပေါင်ပြီးမှ ပေးမည်ဟု ပြောဆိုပြီး ကားနှင့် ကားသော့အား ယူကာ ထွက်သွားခဲ့ကြောင်း သိရှိရသည်။
၎င်းကိစ္စအား ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA) အနေဖြင့် နှစ်ဦးနှစ်ဘက် အဆင်ပြေသည်အထိ ကူညီဖြေရှင်းပေးခဲ့သည်။







0 comments:
Post a Comment