ကိုအေးသန်းနှင့် မသန်းသန်းတို့ ဇနီးမောင်နှံသည် မတရား အစွပ်စွဲခံရသည့်အပြင် အလုပ်မှပါ ထုတ်ပယ်ခြင်း ခံရသဖြင့် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA) မှ ကူညီဖြေရှင်းပေးပါရန် (၂၉-၇-၂၀၁၄) ရက်နေ့တွင် အကူအညီ တောင်းခံလာခဲ့သည်။
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA) မှ ဖြစ်စဉ်အား မေးမြန်းစုံစမ်းရာ ကိုအေးသန်းသည် မဲဆောက်မြို့၊ ပန်းရုံ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်ပြီး မသန်းသန်းသည် ထိုစက်ရုံအနီးရှိ အိမ်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့သည်။ မသန်းသန်း အလုပ်လုပ်ကိုင်နေသည့် စက်ရုံတွင် ပိုက်ဆံအိတ် ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပြီး စက်ရုံပိုင်ရှင်မှ ၎င်းတို့ ဇနီးမောင်နှံအား သူခိုးစွပ်စွဲ ခဲ့ခြင်းပင် ဖြစ်သည်။
အလုပ်ရှင်သူဌေးမှ ကျေးရွာသူကြီးထံ အပ်ကာ ၎င်းတို့ ဇနီးမောင်နှံနေထိုင်သော အခန်းတွင်းသို့ မွှေနှောက်ရှာဖွေခဲ့သော်လည်း ပိုက်ဆံအိတ်အား ရှာမတွေ့ခဲ့ချေ။ ပျောက်ဆုံးနေသော ပိုက်ဆံအိတ်မှာ စက်ရုံအတွင်း၌ပင် ပြန်လည်တွေ့ရှိခဲ့ပြီး ၎င်းတို့ ဇနီးမောင်နှံအား ပုလိပ်လက်သို့ အပ်ကာ မဲဆောက်မြို့ နှစ်ထပ်ချုပ်တွင် ပို့ဆောင်ခဲ့သည်။ တရားမ၀င် နေထိုင်မှုဖြင့် မြန်မာပြည်ဘက်သို့ ပို့ဆောင်ခြင်းခံခဲ့ရကာ မြ၀တီမှ ပြန်လည်ရောက်ရှိလာပြီး (PVA) ရုံးသို့ အကူအညီ တောင်းခံလာခြင်း ဖြစ်သည်။
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA) အနေဖြင့် ၎င်းတို့ ဇနီးမောင်နှံအား မတရားစွပ်စွဲခံရခြင်း၊ အလုပ်မှ ထုတ်ပယ်ခံရခြင်းတို့အတွက် နစ်နာကြေးရရှိနိုင်ရေး ထိုင်းအလုပ်သမား ရှေ့နေများရုံး (LLC) သို့ လွှဲပြောင်းပေးခဲ့သည်။







0 comments:
Post a Comment