Thursday, August 7, 2014

ပတ်(စ်)ပို့ အတု လုပ်သောအဖွဲ့က PVA အား ထိုင်းထောက်လှမ်းရေးအဖွဲ့ထံ ပြန်ပေးဆွဲမှုဖြင့်တိုင်ကြား

ကရင်လူငယ်အစည်းအရုံးအဖွဲ့မှကိုစောမူလွှဲသည်(-၉-၂၀၁၂)ရက်နေ့တွင် PVAရုံးသို့ ရောက်ရှိလာပြီး ထိုင်းနိုင်ငံအတွင်း ယာယီပတ်(စ)ပို့ရရှိရေးအတွက်ငွေပေးထားသူ(၅)ဦးမှာပတ်(စ)ပို့မရရှိပဲအလိမ်ခံနေရကြောင်း၊ ၎င်းတို့ လက်ဝယ်ရှိသော စာရွက်စာတမ်းများမှာ အတုဖြစ်နေကြောင်း၊ တာဝန်ခံပြုလုပ်းပေးသူမှာ မဇာလေးဆို သူဖြစ်ပြီး ၎င်းမဇာလေးသည် သူမ၏ မိခင်မှတဆင့် ပတ်(စ)ပို့ပြုလုပ်လိုသူတဦးလျှင် ဘတ်ငါးထောင်စီကျကိုလက်ခံယူခဲ့ ကြောင်းစသည်ဖြင့် သိရှိရပါသည်။


ထိုကိစ္စနှင့်ပတ်သက်ပြီး လာရောက်ဖြေရှင်းရန် မဇာလေးဆိုသူအား ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ် ခေါ်ဆိုခဲ့သော်လည်း မရောက်လာပဲ၎င်း၏မိခင်ဖြစ်သူ ဒေါ်(---)သည် (၂) နှစ်အရွယ် မြေးလေးနှင့် ရောက်ရှိလာခဲ့ပါသဖြင့် ၎င်းအား PVA ရုံးတွင် ခေတ္တာခဏ ထိန်းသိမ်းထားခဲ့ပြီး ၎င်း၏ သမီးဖြစ်သူအား ဆက်သွယ် ခေါ်ယူစေခဲ့ပါသည်။ (၃)ရက်တိုင်တိုင် ခေါ်ဆိုခဲ့ပါသော်လည်း ရောက်မလာပဲ (၉-၉-၂၀၁၂)ရက်နေ့တွင် ဒေါ်(---)နှင့် ပါလာသူ ကလေးကို ပြန်ပေးဆွဲထားကြောင်း တိုင်ကြားမှုဖြင့် ထိုင်းထောက်လှမ်းရေးအဖွဲ့သာ PVAရုံးသို့ ရောက်ရှိလာခဲ့ပါသည်။ ၎င်းထောက်လှမ်းရေးအဖွဲ့သည် PVA ၏ ပြောဆိုရှင်းပြမှုကြောင်း အဖြစ်မှန်အား သိရှိနား လည်သွားခဲ့ပြီး ၎င်းတို့၏ အကြံပေးချက်အတိုင်း PVA သည်၎င်းအမှုအား မဲဆောက်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ ပါသည်။ ထိုမှတဖန် မြဝတီလက်နက်ကိုင်တပ်ဖွဲ့မှဝင်ဗိုလ်မှူးမြလွင်ဆိုသူ တဦးက PVA ရုံးသို့ ဖုန်းဆက်လာပြီး ထိုင်းရဲ သို့ အမှုမဖွင့်ပဲ မြဝတီသို့ လာရောက်ဖြေရှင်းရန် စိန်ခေါ်ပြောကြားခဲ့ပါသည်။

ထိုကြောင့်PVAအဖွဲ့ခေါင်းဆောင် ကိုသိမ်းဆန်းသည် မြဝတီအာဏာပိုင်အဖွဲ့များအား ဖုန်းဖြင့် ဆက်သွယ်အကူအညီတောင်းခံပြီး မြဝတီသို့ကိုယ်တိုင် သွားရောက်ကာ ဖြေရှင်းရာ ၎င်းဗိုလ်မှူးမြလွင်ဆိုသူမှာလည်း ဗိုလ်အစစ်မဟုတ်ကြောင်း သိရှိရပြီး လိုအပ်သလို ကိုင်တွယ် ထိန်းသိမ်းရန်စီစဉ်ခဲ့ပါသည်။ တဖန်ထိုင်းရဲစခန်း၏ ခွင့်ပြုချက်အရ PVA သည် KNU ၊KNLA ငြိမ်းချမ်းရေးကောင်စီ အဖွဲ့တို့နှင့် ပူးပေါင်းကာ မဇာကလေးကိုလည်း အမှားကိုဝန်ခံစေခြင်း၊ မတရားသဖြင့် ယူထားသောငွေများကိုပြန် လည်ပေးလျှော်စေခြင်း၊ နောက်နောင်မည်သောအခါမှဤသို့ ယုတ်ညံသော အလုပ်များ မလုပ်ရန် ဝန်ခံကတိပြုစေခြင်း တို့ဖြင့်ပြဿနာအား ဖြေရှင်းပေးခဲ့ပါသည်။

0 comments:

Post a Comment