Monday, August 18, 2014

အရွယ် မရောက်ခင် ခိုးယူ ပေါင်းသင်း သူများအား နှစ်ဖက် မိဘများထံ ပြန်လည် အပ်နှံပေးခြင်း

 မစိုးသီတာမှ သူမ၏ ညီမများဖြစ်ကြသော မတိုးတိုးလွင် (၁၅) နှစ်နှင့် မနှင်းနှင်း (၁၄) နှစ်တို့သည် (၁၇-၈-၂၀၁၄) ရက်နေ့ ညနေ (၁၆း၀၀) နာရီ အချိန် ခန့်တွင် နေအိမ်မှ ဈေးသို့သွားစဉ် ပျောက်ဆုံးသွားခဲ့ပါသည်။


ထိုသို့ ပျောက်ဆုံးသွားစဉ် မတိုးတိုးလွင်တွင် ရွှေဆွဲကြိုး တစ်ကုံး၊ လက်စွပ်တစ်ကွင်း၊ နားကွင်းတစ်ရံ ၊ ဖုန်းတစ်လုံးနှင့် စက်ဘီးတစ်စီးပါ ပါရှိသွားကြောင်း သို့ပါ၍ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA) မှ ကူညီဖြေရှင်းပေးပါရန် (၁၇-၈-၂၀၁၄) ရက်နေ့ (၂၀း၃၀) နာရီအချိန်တွင် အကူအညီ တောင်းခံလာခဲ့ပါသည်။



ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA) အနေဖြင့် ဖြစ်စဉ်အား အသေးစိတ် မေးမြန်းခဲ့ပြီး (၁၈-၈-၂၀၁၄) ရက်နေ့တွင် လိုက်လံစုံစမ်းခဲ့ရာ မတိုးတိုးလွင်နှင့် မနှင်းနှင်းတို့သည် မောင်ဇင်မျိုး၊ မောင်မျိုးမင်းသက် တို့နှင့် ခိုးရာလိုက်ပါသွားကြောင်း သိရှိရသည်။ 


ထို့ကြောင့် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA) အနေဖြင့် ၎င်းတို့အား အချိန်မီပြန်လည် ထိန်းသိမ်းခဲ့ပြီး နှစ်ဖက်မိဘများအား ခေါ်ယူတွေ့ဆုံ ညှိနှိုင်းပေးခဲ့သည်။

နှစ်ဖက် မိဘများ၏ သဘောတူညီချက်အရ ကာယကံရှင်များမှာ အသက် မပြည့်သေးသူများ ဖြစ်သဖြင့် နောက်နောင် ထိုသို့ ထပ်မံမဖြစ်စေရန်နှင့် အသက်အရွယ်ပြည့်မှသာ လက်ထပ်ထိန်းမြှားပေးမည် ဖြစ်ကြောင်း ၀န်ခံကတိပြု လက်မှတ်ရေးထိုးစေခဲ့ပြီး မတိုးတိုးလွင်တွင် ပါရှိသော ပစ္စည်းများနှင့် အတူ နှစ်ဖက် မိဘများထံသို့ ပြန်လည်အပ်နှံပေးခဲ့ပါသည်။

0 comments:

Post a Comment