Tuesday, June 17, 2014

အသက်(၈)နှစ်အရွယ် မိန်းကလေးအား ပထွေးဖြစ်သူမှ အဓမ္မပြုကျင့်

(၂၃-၁၁-၂၀၁၀)ရက်နေ့ ည(၁၀) နာရီခန့်တွင် မယ်ကုလွမ်ကျေးရွာရှိ အသက်(၈)နှစ်အရွယ် မိန်းကလေးတယောက် အဓမ္မပြုကျင့်ခံရကြောင်း၊ တရားခံအား ဖမ်းဆီးမိပြီဖြစ်ကြောင်း၊ ကလေးအား ဆေးရုံသို့ အရေးတကြီး ပို့ဆောင်ကုသရန် လိုအပ်ကြောင်း PVA အမှတ်(၉) ဒေသကော်မတီမှ အကြောင်းကြားလာသဖြင့်၊ PVA ဗဟိုဦးဆောင်ကော်မတီမှ ချက်ချင်းသွားရောက်ခဲ့သည်။

   မခိုင်မာဝေအား ဆေးရုံသို့ မပို့ခင်တွေ့ရစဉ်


ဖြစ်စဉ်ကိုမေးမြန်းရာ အဓမ္မပြုကျင့်ခံရသူ မိန်းကလေး၏မိခင် မလှလှဝေနှင့် အဓမ္မပြုကျင့်သူ ကျော်ဦးတို့မှာ လွန်ခဲ့သော (၄)နှစ်မှ အိမ်ထောင်ကျခဲ့ပြီး ကလေးတယောက် ထွန်းကားခဲ့ကြောင်း၊ မခိုင်မာဝေမှာ ယခင်အိမ်ထောင်နှင့်ရခဲ့သော သမီးဖြစ်ကြောင်း စတင်ရှင်းလင်းပြောပြပါသည်။

ထိုနေ့(၁၉-၁၁-၂၀၁၀)ရက်နေ့က မလှလှဝေသည် တခြားရပ်ကွက်သို့ အကြွေး သွားတောင်းနေစဉ်၊ ကျော်ဦးမှ မခိုင်မာဝေအား အဓမ္မပြုကျင့်ခဲ့ပြီး၊ အခြားသူများအား ပြောပြလျှင် သတ်ပစ်မည်ဖြစ်ကြောင်း ကျော်ဦးမှ ပြောဆိုခဲ့သည်။ ထိုခြိမ်းခြောက်မှုများကြောင့် မခိုင်မာဝေမှာ မိခင်အား ပြန်မပြောရဲပဲ နေခဲ့သည်။ အခင်းဖြစ်ပြီး (၅) ရက်မြောက်သောနေ့တွင် ကလေးအချင်းချင်း ကစားကြရာမှ မခိုင်မာဝေက သူမနေမကောင်း၍ မကစားနိုင်ကြောင်း၊ ထိုနေမှနာကျင်နေကြောင်း၊ ပထွေးဖြစ်သူမှ မိမိအား ဤကဲ့သို့ ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သူငယ်ချင်းများအား ပြောပြရာမှတဆင့် မိခင်ဖြစ်သူ မလှလှဝေ သိရှိရခြင်းဖြစ်သည်။

အဓမ္မပြုကျင့်ခဲ့သော ပထွေးဖြစ်သူ ကျော်ဦးအားတွေ့စဉ်
မလှလှဝေသည် ကြားသိလျှင်သိခြင်း ယောကျာင်္းဖြစ်သူ ကျော်ဦးအား မေးမြန်းခဲ့သော်လည်း ဘူးကွယ်နေသဖြင့် သမီးဖြစ်သူ၏တန်ဆာကို ကြည့်ရှုစစ်ဆေးရာမှ ထိုနေရာမှ သွေးများထွက်လာပြီး သမီးဖြစ်သူ အဓမ္မပြုကျင့်ခံထားရကြောင်းသိရသည်။ PVA အမှတ်(၉) ဒေသကော်မတီ မယ်ကုလွမ်သို့ တိုင်ကြားခဲ့ရာ၊ PVA အဖွဲ့ဝင်များ စစ်ဆေးရာမှ ကျော်ဦးက မခိုင်မာဝေအား အဓမ္မပြုကျင့်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

PVA အမှတ်(၉)ဒေသကော်မတီမှ ကျော်ဦးအား ဖမ်းဆီးချုပ်နှောင်ထားပြီး ထိုင်းရွာသူကြီးနှင့် PVA ဗဟိုဦးဆောင်ကော်မတီသို့ အကြောင်းကြားခြင်းများ ပြုလုပ်ခဲ့ရာ၊ PVA ဗဟိုဦးဆောင်ကော်မတီမှ ရဲအား အကြောင်းကြားပြီး မယ်ကုလွမ်ရွာသို့ လိုက်သွားခဲ့သည်။ ချက်ချင်းပင် ကျော်ဦးအား ထိုင်းရဲလက်သို့ အပ်နှံ အမှုဖွင့်ခြင်း၊ မခိုင်မာဝေမှာ သွေးများဆင်းနေသောကြောင့် မယ်ဆောက်ဆေးရုံးကြီးသို့ ပို့ဆောင်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။ ယခုအခါ မခိုင်မာဝေမှာ မဲဆောက် ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက်ရှိပါသည်။

0 comments:

Post a Comment