Tuesday, September 16, 2014

ရဲဘော် မောင်မောင်တိတ် ဈာပန အခမ်းအနား (ဓါတ်ပုံမှတ်တမ်း)


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) တပ်ဖွဲ့ဝင်
ရဲဘော် မောင်မောင်တိတ် (ကပ/၄၄၉၂) ၏ ဈာပန အခမ်းအနားအား

Monday, August 18, 2014

အရွယ် မရောက်ခင် ခိုးယူ ပေါင်းသင်း သူများအား နှစ်ဖက် မိဘများထံ ပြန်လည် အပ်နှံပေးခြင်း

 မစိုးသီတာမှ သူမ၏ ညီမများဖြစ်ကြသော မတိုးတိုးလွင် (၁၅) နှစ်နှင့် မနှင်းနှင်း (၁၄) နှစ်တို့သည် (၁၇-၈-၂၀၁၄) ရက်နေ့ ညနေ (၁၆း၀၀) နာရီ အချိန် ခန့်တွင် နေအိမ်မှ ဈေးသို့သွားစဉ် ပျောက်ဆုံးသွားခဲ့ပါသည်။

Thursday, August 7, 2014

သေမှုသေခင်းဖြစ်စဉ်အား တရားခံ ဖော်ထုတ်ခြင်း

ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ကုလွမ်ကျေးရွာနေ ကိုအေးမင်းစိုးနှင့် မချောစုတို့သည် (၂၈-၆-၂၀၁၀) ရက်နေ့တွင် PVA ရုံးသို့ ရောက်ရှိလာပြီး ဦးလေးတော်စပ်သူ စောလာဆဲသည် (၁၀-၆-၂၀၁၀) ရက်နေ့တွင် ဓါးခုတ်ခံရသဖြင့် မဲဆောက်ဆေးရုံကြီးတွင် ဆေးရုံတက်ရောက် ကုသခဲ့ကြောင်း ဓါးခုတ်ခံရသည့်ဒဏ်ရာမှာ ဦးခေါင်းတွင် (၆)လက်မကျော်ခန့်ရှိပြီး (၁၆)ရက်ကြာ ဆေးဝါးကုသမှုခံယူနေစဉ် (၂၇-၆-၂၀၁၀) ရက်နေ့ နေ့လည်(၂)နာရီတွင် သေဆုံးသွားကြောင်းကို တူမတော်စပ်သူ မချောစုတို့ ဇနီးမောင်နှံမှ PVA ရုံးသို့ အကူအညီတောင်းခံလာခဲ့ပါသည်။ 

ကိုအေးမင်းစိုးနှင့် မချောစု ဇနီးမောင်နှံနှစ်ဦး PVA ရုံးတွင် အကူအညီ တောင်းခံစဉ်

(၇) နှစ်သမီး လက်ပြန်ကြိုးတုတ်၍ အရိုက်ခံရခြင်းအား ကူညီဖြေရှင်းပေးခြင်း

ဒေါ်နွန်မာဘီတို့၏ သမီးဖြစ်သူ (၇) နှစ်အရွယ်ရှိ မအာဆီနာသည်၊ စွန့်ပစ်ပစ္စည်းများ လိုက်ကောက်နေရာမှ ဦးအဒူလာ၏ နေအိမ်နောက်ဖေးတွင် ကြက်သွန်၊ ငရုပ်သီး၊ ဇွန်း သုံးချောင်း (ဘတ် ၃၀) ဖိုးခန့်ရှိ ပစ္စည်းအား ဝင်ရောက်ယူမိသဖြင့်၊ အိမ်ရှင် ဦးအဒူလာမှ ဖမ်းဆီးရုက်နှက်ခဲ့သည်။ တာဝန်သိ ပြည်သူတစ်ဦးမှ အကြောင်းကြား၍ PVA မှ ၎င်းကိစ္စကို (၂၅-၇-၂၀၁၀) ရက်နေ့တွင် ကိုင်တွယ်ဖြေရှင်းပေးရသည်။

ဦးအဒူလာ၏ ထိုးကြိတ်ရိုက်နှက်မှု ခံရသော မအာဆီနာအား PVA ရုံးတွင် တွေ့ရစဉ်

အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား ခိုးယူပေါင်းသင်းမှု

( ၄.၁၀.၂၀၁၀ ) ရက်နေ့ နေ့လည်တွင် မဲဆောက်မြို့ (----- ) ရပ်နေ မလှဦီးသည် သူမ၏ သမီးဖြစ်သူ မဇာခြည်မြင့်၊ အသက် (၁၅)နှစ်ခန့်၊ ပျောက်ဆုံးမှုအတွက် ကူညီဆောင်ရွက်ပေး ပါရန် (P.V.A)ရုံးသို့ လာရောက်တိုင်ကြားခဲ့ပါသည်။ ဖြစ်စဉ်ကို မေးမြန်းရာတွင် မဇာခြည်မြင့်သည် ယမန့်နေ့က တနင်္ဂနွေဈေးသွားခဲ့ရာမှ ပြန်မလာ ခဲ့ခြင်းဖြစ်ကြောင်း၊ အတူသွားသောသူငယ်ချင်းများထံ သွားရောက်စုံစမ်းရာတွင်(-----)ရပ်ကွက်တွင် နေထိုင်သူ မောင်မိုးဝင်းနှင့်အတူ ထွက်သွားသည်ကို သူငယ်ချင်းများက တွေ့မိကြောင်း၊ မိခင်ဖြစ်သူ မလှဦးကပြောပြပါသည်။

ထိုင်းအလုပ်ရှင်မှ မြန်မာရွှေ့ပြောင်း အလုပ်သမားအား မတရားစွပ်စွဲ ခြိမ်းခြောက်မှု

ကိုဖြိုး(၁၉)နှစ်သည် အသက်(၁၀)နှစ် ကတည်းက ဖုတ်ဖမြို့နယ် ၃၇ ကီလိုရွာတွင် တောင်ယာခြံစိုက်ပျိုး၌ နေထိုင် လုပ်ကိုင်လာခဲ့သည်။ လွန်ခဲ့သောနှစ်က မကြည်ပြာနှင့် အိမ်ထောင်ကျခဲ့ပြီး လသားအရွယ် သားတယောက် ထွန်းကားခဲ့သည်။ လွန်ခဲ့သော (၉) နှစ်ကျော်ကတည်းက မြန်မာပြည်မှ ထွက်လာခြင်း၊ အိမ်ထောင်သည်ဘဝသို့ ရောက်ရှိခြင်း၊ သားသမီးထွန်းကားခြင်း တို့ကြောင့် မြန်မာပြည် ဇာတိမြေသို့ တခေါက်တခါပြန်ရန် (၁၇-၁၁-၂၀၁၀)ရက်နေ့တွင် အလုပ်ရှင်ထံ၌် ခွင့်တောင်းလိုက်သည်။

မတရားစွပ်စွဲ ခြိမ်းခြောက်ခြင်းခံရသော ကိုဖြိုးမိသားစု

တောင်ယာခြံထဲတွင် ယောကျာင်္းဖြစ်သူအား သေနတ်နှင့်ပစ်၊ မယားဖြစ်သူအား မုဒိန်းကျင့်

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း(PVA) အမှတ်(၁)ဒေသမှ မဲဆောက်ရှိ PVA ဗဟိုရုံးသို့ အရေးပေါ် အကြောင်းကြားချက်အရ ဘန့်စစ်စီရွာ နယ်မြေတွင်းရှိ တောင်ယာခြံတစ်ခုတွင် ထိုင်းနိုင်ငံသား မျှော့လူမျိုးတစ်ဦးမှ ခြံလုပ်သား ကိုမင်းဌေး(၂၅)နှစ်အား (၇-၅-၂၀၁၁) ရက်နေ့ ညနေပိုင်းတွင် ယမ်းထောင်းသေနတ်ဖြင့်ပစ်လိုက်ပြီး၊ ဇနီးဖြစ်သူ မမာလာခိုင်အား မုဒိန်းကျင့်သွားကြောင်းနှင့် သေနတ်ဒဏ်ရာ အပြင်းအထန်ရရှိသူ ကိုမင်းဌေးအား အရေးပေါ်လူနာအဖြစ် မဲဆောက်ဆေးရုံးကြီးသို့ ပို့လိုက်ကြောင်း သိရှိရသည်။

ကိုမင်းဌေးအား ဒါဏ်ရာများနှင့် တွေ့ရစဉ်

ခိုးရာပါပစ္စည်းလက်ခံထားသူက ပိုင်ရှင်အား သံလက်သီးဖြင့် ထိုးကြိတ်

ကိုမောင်မောင်မြင့်သည် အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပြီး တီဗီ၊ တယ်လီဖုန်း စသည့် အီလက်ထရွန်းနစ် ပစ္စည်းများ ပြင်သည့်ဆိုင်ဖွင့်လှစ်ထားသည်။ သူ၏ဆိုင်မှ အလုပ်သမားတဦးသည် CD စက်တလုံးကိုခိုးယူပြီး အီဆွတ်ထံသို့ သူခိုးဈေးဖြင့် ရောင်းလိုက်သည်။ 

သံလက်သီးဖြင့် အထိုးခံရမှုကြောင့် ရရှိသွားသော ဒါဏ်ရာ

အရွယ်မရောက်သေးခင် အိမ်ထောင်ပြုကြသူ နှစ်ဦး

မယ်ပ ကျွန်းတောတွင် နေထိုင်ကြသော မောင်ချမ်းမြေ့အောင် (၁၆)နှစ်သည် မဇင်မင်းအေး (၁၅)နှစ်အား (၁၈-၇-၂၀၁၁)ရက်နေ့တွင် ခိုးယူ ပေါင်းသင်းခဲ့သည်။ ထိုအမှုအား မိန်းကလေးရှင်များဘက်မှ PVA ရုံးသို့ တိုင်ကြားလာပြီး၊ သမီးဖြစ်သူအား အမြန်ဆုံးရှာဖွေပေးပါရန် အကူအညီတောင်းခံခဲ့ပါသည်။ 

PVA တာဝန်ရှိသူများမှ အမှုကို ဖြေရှင်းပေးနေစဉ်

ပတ်(စ်)ပို့ အတု လုပ်သောအဖွဲ့က PVA အား ထိုင်းထောက်လှမ်းရေးအဖွဲ့ထံ ပြန်ပေးဆွဲမှုဖြင့်တိုင်ကြား

ကရင်လူငယ်အစည်းအရုံးအဖွဲ့မှကိုစောမူလွှဲသည်(-၉-၂၀၁၂)ရက်နေ့တွင် PVAရုံးသို့ ရောက်ရှိလာပြီး ထိုင်းနိုင်ငံအတွင်း ယာယီပတ်(စ)ပို့ရရှိရေးအတွက်ငွေပေးထားသူ(၅)ဦးမှာပတ်(စ)ပို့မရရှိပဲအလိမ်ခံနေရကြောင်း၊ ၎င်းတို့ လက်ဝယ်ရှိသော စာရွက်စာတမ်းများမှာ အတုဖြစ်နေကြောင်း၊ တာဝန်ခံပြုလုပ်းပေးသူမှာ မဇာလေးဆို သူဖြစ်ပြီး ၎င်းမဇာလေးသည် သူမ၏ မိခင်မှတဆင့် ပတ်(စ)ပို့ပြုလုပ်လိုသူတဦးလျှင် ဘတ်ငါးထောင်စီကျကိုလက်ခံယူခဲ့ ကြောင်းစသည်ဖြင့် သိရှိရပါသည်။